လုပ်ငန်းလိပ်စာပြောင်းလျှောက်ထားခြင်း 

(လိုင်စင်အမျိုးအစားအားလုံး)


၁။       Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-

 

( က)    လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ

( ခ )    ပြောင်းလဲသည့် လုပ်ငန်းလိပ်စာနှင့်ပတ်သက်သည့် အထောက် အထားများ

(ဂ )    အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး (၁၀)ဦး၏ ထောက်ခံချက်

 

၂။         Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက် အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

 

၃။        အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။   ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်နှုန်း၏ ၂၅ % ကို ဝန်ဆောင်ခအဖြစ် ငွေပေးသွင်းပြီးပါက လိုင်စင် ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

 

 

 


Back to Top