ထုတ်လုပ်ခြင်း(အစားအသောက်/လူသုံးကုန်/အလှကုန်/ဆေးဝါး)

၁။             Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

 

(က)   နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊  ဓါတ်ပုံ (၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား

( ခ)   အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်

( ဂ)   အခွန်ဦးစီးဌာန၏  အခွန်ပေးဆောင်ပြီးကြောင်း  အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်

 (ဃ)   စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန၏ ခွင့်ပြုချက်

 ( င)    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက် (FDA လက်မှတ်)

 (စ)    လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်သော၀န်ကြီးဌာန၏ ခွင့်ပြုမိန့် (လုပ်ငန်း အလိုက် လိုအပ်သည့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များ

           အား  အထွေထွေ ခေါင်းစဉ် အောက်တွင် ဖော်ပြထားပါသည်။)

 

၂။          Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

 

၃။         ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

 

၄။       ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

Back to Top