လုပ်ငန်းအမျိုးအစားပြောင်းလျှောက်ထားခြင်း

(လိုင်စင်အမျိုးအစားအားလုံး)


၁။       Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-

(က)    လုပ်ငန်းရှင်၏မှတ်ပုံတင်မိတ္တူ

( ခ)    ယခင်နှစ်လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ

( ဂ)    ပြောင်းလဲလိုသည့် လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်သည့် အထောက်အထား

(ဃ)    အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြု ချက်များ

 

 ၂။         အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

 ၃။        ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင် ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

 

မှတ်ချက်။         လုပ်ငန်းအမျိုးအစားပြောင်းရာတွင် မူလလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းသာ ပြောင်းလဲရမည်။ ထိုသို့မဟုတ်ပါက ယခင်လုပ်ငန်း ကိုပိတ်၍ ယခုလုပ်ငန်းအား အသစ် လျှောက်ထားရမည်ဖြစ်ပါသည်။

Back to Top