ကျန်းမာရေးခြေထောက်ဆေးစိမ်လုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း

 

      

၁။         Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

 

(က)   နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ

( ခ)   အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်

( ဂ)   အခွန်ဦးစီးဌာန၏  အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့် သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်

(ဃ)  လုပ်ငန်းအမျိုးအစားအလိုက်  သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းခွင့်ပြုချက်

 

မှတ်ချက်။     လုပ်ငန်းဆောင်ရွက်မည့် နေရာအား သီးသန့်အခန်းများဖွဲ့၍ ဆောင်ရွက်ခြင်းအား ခွင့်မပြုပါကြောင်းနှင့် ကျန်းမာရေးအတွက် ခြေထောက်ဆေး                      စိမ်ခြင်းမှအပ ကျန်လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုပါကြောင်း လုပ်ငန်းရှင်၏ခံဝန်ချက်တင်ပြ ရန် လိုအပ်ပါသည်။

 

 ၂။          Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

 

၃။         ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၁၀)ရက်အတွင်း(ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

 

၄။         ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

Back to Top