ဖျော်ဖြေရေးကွင်းငှားရမ်းခြင်းလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ (၂)ပုံ၊ နိုင်ငံခြားသား ဖြစ်ပါက ဗီဇာ/ ပတ်စ်ပို့မိတ္တူနှင့် ကုမ္ပဏီ အထောက်အထား
( ခ) အနီးစပ်ဆုံး ပတ်ဝန်းကျင် အနည်းဆုံး(၁၀)ဉီး ထောက်ခံချက်
( ဂ) အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
(ဃ) သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်
မှတ်ချက်။ ဖျော်ဖြေရေးကွင်းတွင် လုပ်ငန်းဆောင်ရွက်သည့်အခါတိုင်း သက်ဆိုင်ရာ ထွေ/အုပ် (သို့မဟုတ်) တိုင်းဒေသကြီး အစိုးအရအဖွဲ့၏ ခွင့်ပြုချက်
ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။
၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဌာနသို့တင်ပြ၍ (၁၄)ရက်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။
၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။